အောင်ဒင်နဲ့အောက်လမ်းဆရာမ အပိုင်း၂
အပိုင်း၂
ကျုပ်လည်း ကိုကြီးလူအေးပြောတာ ကိုနားထောင်နေတာပေါ့ဗျာ
ကိုကြီးလူအေး ရောက်တာနဲ့ကျုပ်က ရေနွေးကြမ်းလေးငှဲပြီးဧည့်ခံတာပေါ့ဗျာ ဆေးလိပ်လေးလည်းပါတာ
ေပါ့ဗျာ
ကျုပ်အမေကတော့ လက်ဖက်သုတ်လေးနဲ့
အိမ်ပေါ်က ဆင်းလာတာ ...
ဒီလိုဘဲ ကျုပ်တို့ရွာတွေမှာတော့ ဧည့်သည်လာရင် ဧည့်ဝတ်ကျေကြပါတယ်ဗျာ
"ဟဲ့ လူအေးရယ် မတွေ့တာကြာပြီ
နင်တို့ အမေနဲ့အဖေနေကောင်းကြရဲ့လား..."
" ကောင်းပါတယ် အရီးရဲ့ .."
" အေးအေး နင်ညီ အောင်ဒင်နဲ့ပြောနှင့်အုန်း...အရီး လုပ်စရာရှိတာတွေလုပ်အုန်းမယ်.."
အမေက ဖင်ကြီးတုန်တုန်နဲ့ အိမ်ထဲပြန်ဝင်သွားတာကို ကိုကြီးလူအေးကကြည့်နေ တာဗျို့
ရေနွေးသောက်ရင်းသတွေးတွေမြို မြိုချနေတာ
ကျုပ်မြင်တာပေါ့ဗျာ ...
ကိုကြီးလူအေးက အမေ့ဖင်ကြီးကို ကြည့်ပြီး ကျုပ် ကိုအားနားသလိုဖင်ကုတ် ခေါင်းကုတ်လုပ်ပြီး
ဆက်ပြောတယ်ဗျ
" အေးကွာ စကားဆက်ရရင် ...အဲ့ဆရာမ ဆိုတဲ့အမျိုးသမီးရောက်လာပြီ မှ ငါတို့ရွာမှာဖျားကြတာ လူတော်တော်များများဘဲ
အရင်က ဆေးသောက်ရင်ပျောက်တယ်ဟေ့..
အခုဆိုသူကုသ မှပျောက်တာ...."
" ဗျာဟုတ်လားး.."
" အဲ့တော့ ကိုကြီးလူအေး တို့ ကဘာလုပ်ကြမလို့လဲ.."
" ပထမတော့ ဘာမှမလုပ်ဘူး ခုက ဒီလိုကြာကြာ ဘာမှမဖြစ်သလိုထားရင် ရွာ ထိခိုက်မှာစိုးရတယ်လေ.."
" ဒါလည်းဟုတ်သားဘဲ.."
" အေး ငါတို့ရွာသူကြီးလည်း ဘာလုပ်ရမလဲ စဉ်းစားတာပေါ့ အကုန်လုံး အကြံအိုက်နေတုန်း.."
"အဲ့အထက်လမ်းဆရာမ က သတိရှိတဲ့လူငယ်တစ်ယောက် ခေါ်ပေးဖို့ ... ပြောလာရော အဲ့တာနဲ့ မင်းကိုပြေးမြင်လို့လာခေါ်တာဟေ့ ...."
" ဟုတ်လား ..သူကဘာလုပ်ဖို့လဲ.."
" ပညာအဆင့်တက်ဖို့တဲ့ သူ ဒီရွာကိုလာတာ ပညာ အဆင့်တက်ဖို့ပေါ့ အဲ့တာ အခု သူ ပညာတွေ မြင့်ဖို့လိုနေလို့တဲ့ဟေ့... "
" ဟုတ်လား .. ကိစ္စက အရေးကြီးလား ဘယ်တော့လဲဗျ .."
" မနက်ဖြန်ဘဲ အောင်ဒင်ရ ဖြစ်နိုင်ရင် တစ်ခါတည်းလိုက်ခဲ့ပေါ့ကွာ ..
ငါအရီးသန်း ကို ပြောပေးမယ်လေ .."
ကျုပ်အမေ နာမည်က ဒေါ်သန်းသန်းဌေး
အဖေနာမည်က ဦးအောင်ထွန်း
အဖေက ၅၈နှစ်
အမေက ၅၃ နှစ်ဗျ ...
" ရပါတယ် ကျုပ် ပြောလိုက်ပါမယ် ကိုကြီးလူအေးရဲ့.."
ကျုပ်လည်း အမေ့ကို အကျိုးအကြောင်းပြောပြပြီး ခွင့်တောင်းတာပေါ့ဗျာ
အမေ့ မျက်စောင်းထိုးပြီး..
" အောင်ဒင် နင် နေရာတကာ စပ်စပ်နဲ့နော် ငါသိပ်မကြိုက်ချင်တော့ဘူး နင့် အဘ နဲ့ ပြောမှရမယ် .."
" အာ အမေရာ ကျုပ်က ကူညီတာပါ.."
အမေက ကျုပ်တစ်ခုခုဖြစ်မှာစိုးရိမ်လို့ပြောတာဗျို့
အမေကို အသိပေးခွင့်တောင်းပြီး ကိုကြီး လူအေးနဲ့ထွက်ခဲ့တာပေါ့ဗျာ ..
ကျုပ် အဖေကို တော့ အမေက တဆင့်ပြန်ပြောမှာပေါ့
ကိုလူအေးက စက်ဘီးပါတယ်ဗျ အဲ့တာသူ့စက်ဘီးစီးပြီးလိုက်လာခဲ့တာပေါ့ဗျာ....
ဆက်ရန်